Simple. Efficient.

12V/24V CHARGER

ပစ္စည်းအမည် 12V/24V Charger
ပစ္စည်းအမျိုးအစား ဘတ္ထရီအားသွင်းစက် (အော်တိုစနစ်)
အဝင်မီးအား 220V AC (Frequency 50Hz)
အထွက်မီးအား 12V မှ 24 V (DC)
ကာကွယ်မှုစနစ် AC FUSE, DC FUSE
တပ်ဆင်အသုံးပြုမှု Jaw ကလစ်ဖြင့် ချိတ်ဆက်အသုံးပြုမှုစနစ်
ဝန်ဆောင်မှု တစ်သက်တာဝန်ဆောင်မှုပေးပါသည်။
အသုံးပြုပုံ 12V/24V Charger ကို ဘတ္ထရီအိုး 12V ဖြစ်စေ 24V ဖြစ်စေ ချိတ်ဆက်၍ အသုံးပြုနိုင်ပါသည်။ စတင်အသုံးပြုရာတွင် မိမိအသုံးပြုမည့်ဘက်ထရီအိုးကို 12V/ 24V Chargerမှ အပေါင်း၊ အနုတ် မှန်ကန်စွာ ချိတ်ဆက်ပေးရမည်ဖြစ်ပါသည်။ ထိုသို့မှန်ကန်စွာ ချိတ်ဆက်ပြီးပါက 12V/24V Charger ရှိ (AC) Plug ကြိုးကို မိမိအိမ်ရှိ မီးလိုင်း၏ socket တွင် ချိတ်ဆက်ရပါသည်။ ထို့နောက်တွင် 12V/ 24V Charger တွင်ပါသည့် အဖွင့်၊ အပိတ်ခလုတ်ကို ဖွင့်ရမည်ဖြစ်ပါသည်။ အားသွင်းရာတွင် 12 V ဘတ္ထရီအိုးဖြစ်ပါက 12V/ 24VCharger တွင် 12 V ဟုစာတမ်းပါသော မီးဝါလင်းနေမည်ပြီး 24 V ဘတ္ထရီအိုးဖြစ်ပါက24 V ဟုစာတမ်းပါသော မီးဝါလင်းနေမည်ဖြစ်ပါသည်။ ဘတ္ထရီအိုးအားပြည့်ပါက Full Charge ဟုစာတမ်းပါသော မီးနီလင်းမည်ဖြစ်ပါသည်။ ထို့အပြင် အားသွင်းရာတွင်ဘက်ထရီအိုးများအတွင်းသို့ဝင်သော လျှပ်စီးအားပမာဏကို(Ampere) မီတာတွင် တွေ့မြင်ရပါမည်။
ဈေးနှုန်း MMK 583,000