No.16, 79 Street, Between 37 & 38 Street, Mandalay, Myanmar.
02 35034, 02 71866
09 960645523,09 964235034 (Call Center), 09 964271866
Service Center - 09 968424785,09 964235034
ပစ္စည်းအမည် | Swan Arr PPP – Ref |
ပစ္စည်းအမျိုးအစား | ဗို့အားဖြတ်စက် (ဒီဂျစ်တယ် စနစ်) |
မီးအား ဖြတ်မှတ် | Under 170V / Over 245V (Default Setting) |
Max Current ဖြတ်မှတ် | 3A (Default setting) |
စောင့်ဆိုင်းချိန် | (၃) မိနစ်ခန့် စောင့်ဆိုင်းခြင်း + Random Counter (3~10s) |
ကာကွယ်မှုစနစ် | AC FUSE |
တပ်ဆင်အသုံးပြုမှု | Plug-in (AC) |
ဝန်ဆောင်မှု | တစ်သက်တာဝန်ဆောင်မှုပေးပါသည်။ |
အသုံးပြုပုံနှင့် အလုပ်လုပ်ပုံ | Programmable Power Protector လေးသည် မီးအားကာကွယ်မှုစနစ်သာမက ဝန်အားလျှပ်စီလွန်ကဲမှုကို ကာကွယ်ပေးသောစနစ်လည်း ပါရှိပါသည်။ PPP လေးသည် (၃)မိနစ်ခန့် စောင့်ဆိုင်းချိန်၊ မီးအားဖြတ်မှတ်များနှင့်Max Currentဖြတ်မှတ်များကိုမိမိအသုံးပြုသောလျှပ်စစ်ပစ္စည်းများနှင့်အကိုက်ညီ ဆုံးဖြစ်အောင် ချိန်ညှိနိုင်ပါသည်။ ချိန်ညှိနိုင်သော တန်ဖိုးများနှင့် ချိန်ညှိပုံ၊ ချိန်ညှိနည်းကို Product Manual တွင် အသေးစိပ်ဖော်ပြထားပါသည်။ အဝင်မီးအား 170 V မှစတင်၍ အသုံးပြုနိုင်ပါသည်။ အသုံးပြုရာတွင် ရေခဲသေတ္တာတစ်လုံးတည်းသီးသန့် အသုံးပြုရမည်ဖြစ်ပါသည်။ အဝင်မီးအား 170 V အောက်သို့ရောက်ရှိသည့် အခါတွင် မီးဖြတ်စက်မှ လျှပ်စစ်မီးအားကို ဖြတ်တောက်ပေး၍အဝင်မီးအား 245Vသို့ရောက်ရှိသည့်အခါတွင်လည်း လျှပ်စစ်မီးအားကို ဖြတ်တောက်ပေးမည်ဖြစ်ပါသည်။ မီးဖြတ်စက်မှ သတ်မှတ်ဗို့အားများတွင် လျှပ်စစ်မီးအားကို ဖြတ်တောက်ခြင်းသည် မိမိအသုံးပြုနေသော လျှပ်စစ်ပစ္စည်းများကို မီးအားနည်းခြင်း၊မီးအားများခြင်းကြောင့် ပျက်စီးခြင်းမရှိစေရန် ကာကွယ်ပေးခြင်းဖြစ်ပါသည်။ မီးဖြတ်စက်မှ မီးအားကို ဖြတ်တောက်ထားသော အခြေအနေတွင် CUT နှင့် အဝင်မီးအားကို ကိန်းဂဏန်း ဖြင့် တစ်လှည့်စီ ဖော်ပြပေးပါသည်။မီးအားကိုဖြတ်တောက်ပြီး မီးအားပုံမှန်ပြန်လည်ဖြစ်ပါက DLY နှင့် အဝင်မီးအားကို တ်လှည့်စီဖော်ပြပေးပြီး သုံးမိနစ်ခန့် စောင့်ဆိုင်းရပါမည်။ မီးဖြတ်စက်မှ DLY ပြနေသောအချိန်သည် စက်ပုံမှန်အလုပ်လုပ်ရန်အတွက် ၃ မိနစ်စောင့်ဆိုင်ရမည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့ ၃ မိနစ်စောင့်ဆိုင်ရခြင်းသည် မီးခဏဏပျက်ခြင်း၊ မီးအားအနည်းအများ ခဏဏဖြစ်ခြင်းကြောင့် မိမိအသုံးပြုနေသော လျှပ်စစ်ပစ္စည်းကို ထိခိုက်ပျက်စီးခြင်းမဖြစ်စေရန် မီးဖြတ်စက်မှ ကာကွယ်ပေးခြင်းဖြစ်ပါသည်။ မီးပျက်ချိန်(သို့မဟုတ်) မီးအားဖြတ်တောက်ထားချိန်သည် ၅မိနစ်နှင့်အထက် ကြာမြင့်ပါက ထိုစောင့်ဆိုင်းချိန်သည် စောင့်ဆိုင်းစရာမလိုပဲ Auto Bypass ပြုလုပ်ပေးပါသည်။ ပုံမှန်အလုပ်လုပ်နေသော အခြေအနေတွင် အဝင်မီးအားနှင့် အသုံးပြုသော ဝန်အားလျှပ်စီးကြောင်းကိုလည်း ကိန်းဂဏန်းဖြင့် တစ်လှည့်စီ ဖော်ပြပေးမည်ဖြစ်ပါသည်။ လျှပ်စစ်မီးအားနှင့် ဝန်အားလျှပ်စီးကြောင်းကို သိရှိခြင်းအားဖြင့် မိမိအသုံးပြုသော လျှပ်စစ်ပစ္စည်းများ ပုံမှန်အလုပ်လုပ်မလုပ် အလွယ်တကူသိရှိနိုင်ပါသည်။ |