Simple. Efficient.

CAREER INTERVIEW

မင်္ဂလာပါ .. ရှင်

ကျွန်မနာမည် မခင်လရောင်ဖြစ်ပါတယ်။ Swan Arr Electrinics & Industries (SAEI)မှာ Executive Finance Officer ရာထူးနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ 2008ခုနှစ်မှာ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။ 2008ခုနှစ် January လမှာပဲ SAEI မှာ အလုပ်စတင်ဝင်ရောက်ခဲ့ပါတယ်။ ပထမဆုံးတာဝန်ထမ်းဆောင်တဲ့ဌာနကတော့ R&Dဌာန ဖြစ်ပါတယ်။ Junior Programmer အနေနဲ့ စတင်လုပ်ကိုင်ခဲ့ပါတယ်။ 2012မှာတော့ Programming အပြင် Website design, Windows Applicationနဲ့ Mobile Application ရေးတဲ့အပိုင်းတွေ ထပ်မံလေ့လာပြီး IT ဌာနမှာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ IT ဌာနမှာတာဝန်ထမ်းဆောင်ရင်းနဲ့ပဲ စာရင်းအင်းနဲ့ပတ်သက်ပြီး Software အသုံးပြုခြင်း နဲ့Manual ကနေ Computerize ပြောင်းလဲအသုံးပြုနိုင်ဖို့အတွက် Format ချခြင်းများပြုလုပ်ရင်း စာရင်းပညာကို ထပ်မံလေ့လာ ဖြစ်ခဲ့ပါတယ်။ 2016 ခုနှစ်မှာတော့ SAEI ရဲ့ ပြောင်းလဲဖွဲ့စည်းပုံအရ CEO ဦးစွမ်းထက်အောင်ရဲ့ တာဝန်ပေးမှုနဲ့ Finance ဌာနမှာ Officer ရာထူးနဲ့ တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။

SAEI မှာ အလုပ်လုပ်ခဲ့တာ အခုဆိုရင် လုပ်သက်(၁၀)နှစ်အတွင်းမှာ ရောက်ရှိနေပါပြီ။ ဒီအတောအတွင်းမှာ အတွေ့အကြုံကောင်းတွေနဲ့ ပညာတွေလည်း အများကြီးရရှိခဲ့ပါတယ်။ အခုလို(၁၀)နှစ်တာကာလအထိ လုပ်ဖြစ်ခဲ့တာကတော့ Chairman ရဲ့ ဝန်ထမ်းတွေအပေါ်မှာ ထားတဲ့စိတ် စေတနာ၊ အုပ်ချုပ်မှုပုံစံ၊ ပြီးတော့ Chairman၏ သိသမျှ၊ တတ်သမျှတွေကို လူတိုင်းအပေါ်မှာ ပြန်လည်မျှဝေပေးတတ်တဲ့စိတ် စတဲ့အတုယူစရာကောင်းတဲ့ စိတ်ဓာတ်တွေကြောင့်ဖြစ်ပါတယ်။ အဲဒီအချက် တွေကြောင့်ပဲ Organization ကပိုပြီးတိုးတက်ခဲ့သလို ဝန်ထမ်းတစ်ယောက်အနေနဲ့လည်း ပျော်ရွှင်စွာနဲ့ ကြိုးစားလုပ်ကိုင်ဖြစ်ခဲ့တာပါ။

ကျွန်မရဲ့ ခံယူချက်ကတော့ ဘယ်အလုပ်ကိုလုပ်လုပ် စေတနာထားပြီး အကောင်းဆုံး ဖြစ်အောင်လုပ်ရမယ်လို့ ခံယူထားပါတယ်။ လက်ရှိအချိန်မှာလည်း Organization နဲ့အတူ ကျွန်မရဲ့အရည်အချင်းများ တိုးတက်စေမယ့် ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူရင်း ကြိုးစားလျက်ရှိပါတယ်။