Simple. Efficient.

Service

Service Policies

စွမ်းအားအီလက်ထရောနစ် မှထုတ်လုပ်ရောင်းချ လျှက်ရှိသောထုတ်ကုန်များအားလုံးအတွက် အောက်ပါဝန်ဆောင် မှုများကို 1986 ခုနစ်မှစ၍ ယနေ့အချိန်ထိဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြုပြင်လိုသည်ဖြစ်စေ၊ စစ်ဆေးစေလိုသည်ဖြစ်စေ စွမ်းအားအီလက်ထရောနစ်၏ Service ဌာနသို့ကိုယ်တိုင်လာရောက်နိုင်သကဲ့သို့၊ ဖုန်းဆက်၍ ဆက်သွယ် အကြောင်းကြား နိုင်ပါသည်။ ပြုပြင်ခြင်းနှင့် စစ်ဆေးခြင်းအကြောင်းအရာများသည် စွမ်းအားအီလက်ထရောနစ်မှထုတ်လုပ်သော ပစ္စည်းများ အတွက်သာဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

Lifetime Service(တသက်တာလက်ခမဲ့ဝန်ဆောင်မှု)

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်ရောင်းချလျှက်ရှိသော ထုတ်ကုန်များအားလုံးကို Lifetime Service(တသက်တာ လက်ခမဲ့ဝန်ဆောင်မှု့) ပေးထားပြီးဖြစ်ပါသည်။ Customer များဝယ်ယူထားသော စွမ်းအားထုတ်ကုန်များကို မည်သည့် အချိန်တွင်မဆို စွမ်းအားအီလက်ထရောနစ်၏ Service ဌာနတွင်လာရောက်ပြုပြင်ပါက လက်ခ(ဝန်ဆောင်ခ)လုံးဝမယူပဲ ပစ္စည်း လဲလှယ်မှသာလျှင် ပစ္စည်းဖိုး ပေးဆောင်ရမည် ဖြစ်ပါသည်။ ထိုစွမ်းအားထုတ်ကုန် သည်စွမ်းအားအီလက်ထရောနစ်၏ Showroom တွင်ဝယ်ယူထားသောပစ္စည်းသာမက စွမ်းအားအီလက်ထရောနစ်၏ တစ်နိုင်ငံလုံးတွင်ရှိသော အရောင်းကိုယ်စားလှယ်တော်ကြီး များထံမှဝယ်ယူထားသော ပစ္စည်းများသည်လည်း အကျုံးဝင်ပါသည်။

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်ရောင်းချလျှက်ရှိသော စွမ်းအားတံဆိပ် အော်တိုဗို့အားထိန်းညှိစက်များ အတွက် One Year Warranty,အိမ်တိုင်ရာရောက် စစ်ဆေးပေးခြင်း နှင့် အမျိုးအစားများ ပြောင်းလဲနိုင်ခြင်း တို့ကိုဆောင်ရွက် ပေးလျှက်ရှိပါသည်။

One Year Warranty

စွမ်းအားတံဆိပ် အော်တိုဗို့အားထိန်းညှိစက်များကို ဝယ်ယူသည့် နေ့မှစ၍ တစ်နှစ်အတွင်း အာမခံတစ်နှစ်ရှိပါသည်။ ထိုတစ်နှစ်အတွင်း စွမ်းအားအီလက်ထရောနစ်၏ Service ဌာနသို့လာ ရောက်ပြုပြင်ပါက မည်သည့်အစိတ်အပိုင်းကိုမဆို အခကြေးငွေမယူပဲ ပြုပြင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

မှတ်ချက်။ ။ရန်သူမျိုးငါးပါး နှင့် သုံးစွဲသူ၏ချို့ယွင်းချက်ကြောင့် ဖြစ်သောအကြောင်းအရာများကို တာဝန်ယူဆောင်ရွက် ပေးမည်မဟုတ်ပါ။

အိမ်တိုင်ရာရောက် စစ်ဆေးပေးခြင်း

Showroom တည်ရှိရာမြို့များတွင် စွမ်းအားတံဆိပ်အော်တိုဗို့အားထိန်းညှိစက်များအတွက် အိမ်တိုင်ရာရောက် စစ်ဆေးဆောင်ရွက်ပေးလျှက်ရှိပါသည်။ အိမ်တိုင်ရာရောက် စစ်ဆေးပေးရာတွင် Customer များဘက်မှသွားလာရေးကိုစီစဉ် ပေးပါက ပိုမိုမြန်ဆန်နိုင်ပါသည်။ စွမ်းအားအီလက်ထရောနစ်၏ အစီအစဉ်ဖြင့်လာရောက်စစ်ဆေးပေးရမည်ဆိုပါက အချိန်စောင့်ဆိုင်းရနိုင်ပြီး Service ဌာန၏အစီအစဉ်အတိုင်းသာဖြစ်ပါသည်။ရန်ကုန်မြို့တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိပါသဖြင့် ခရီးခအနည်းငယ်ယူပြီး လာရောက်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

Customer များ၏အိမ်တွင်ပြုပြင်လဲလှယ်၍ရနိုင်သောအစိတ်အပိုင်းနှင့် Service ဌာနတွင်သာပြုပြင်၍ ရရှိနိုင်သော အစိတ်အပိုင်း ဟူ၍နှစ်မျိုးရှိပါသည်။ Customer များ၏ဖုန်းဖြင့်ဖြေကြားချက်ပေါ်မူတည်၍ ဖြစ်နိုင်ချေရှိသော အပိုပစ္စည်းများကို လာရောက်စစ်ဆေးသူမှတစ်ခါတည်း ယူဆောင်လာမည်ဖြစ်ပြီး ပြုပြင်လဲလှယ်ပေးမည်ဖြစ်ပါသည်။ Service ဌာနတွင်ပြုပြင်ရန် လိုအပ်သောအစိတ်အပိုင်းများဖြစ်ပါကပြင်လိုသော အော်တိုဗို့အားထိန်းညှိစက်များကို Customer များ၏အစီအစဉ်ဖြင့်သာ လာရောက်ပို့ဆောင်ပေးရမည်ဖြစ်ပါသည်။

မှတ်ချက်။ ။တခြားသော စွမ်းအားထုတ်ကုန်များအားလုံးတို့သည် ပြုပြင်လိုပါက Service ဌာနသို့ကိုယ်တိုင်လာရောက် ပြုပြင်ပေးရမည်ဖြစ်ပါသည်။

နယ်မှဝယ်ယူထားသော Customer များအနေဖြင့် ပြုပြင်လိုပါက Service ဌာနသို့အရောက်ပို့ဆောင်ပေးရမည်ဖြစ် ပါသည်။ ပို့ဆောင်ရန်ခက်ခဲပါက အဆင်ပြေသည့် ပို့ဆောင်ရေးဌာနများဖြင့်(ဥပမာ-အဝေးပြေးကားဂိတ်များ) ပို့ဆောင်ပေးနိုင် ပြီး ထိုပို့ဆောင်ရေးဂိတ်သို့ ပို့ဆောင်လိုက်သည့်ပစ္စည်းအား စွမ်းအားအီလက်ထရောနစ်မှ သွားယူပေးခြင်းနှင့် ပြုပြင်ပြီးပါက ထို ပို့ဆောင်ရေးဌာနသို့ပြန်ပို့ပေးခြင်းများကို ဝန်ဆောင်ခမယူပဲ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ပြုပြင်ပြီးကုန်ကျစရိတ်များကို လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊Bank များမှသော်လည်းကောင်း ပို့ဆောင်ပေးနိုင်ပါသည်။

အမျိုးအစားများ ပြောင်းလဲနိုင်ခြင်း

Customer များဝယ်ယူထားသောပစ္စည်းအမျိုးအစားများသည် အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုရအဆင်မပြေ ဖြစ်နေပြီး အဆင်ပြေနိုင်သောတခြားအမျိုးအစားများသို့ပြောင်းလဲလိုပါက (ဥပမာ-15KVA 84 မှ 15KVA 66 သို့ပြောင်းလဲခြင်း) Service ဌာနတွင် အခကြေးငွေမယူပဲ ဆောင်ရွက်ပေး လျှက်ရှိပါသည်။ သို့သော် ပစ္စည်းများကို ထပ်မံထည့်သွင်းရန်လိုအပ်ပါက ထိုပစ္စည်းဖိုးသာလျှင် ပေးဆောင်ရမည်ဖြစ်ပါသည်။ ပြောင်းလဲမည်ဆိုပါက Customer များ အနေဖြင့် Service နှင့်တိုင်ပင်ပြီးမှသာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး တစ်ကြိမ်သာလျှင်ပြောင်းလဲပေးမည်ဖြစ်ပါသည်။