Simple. Efficient.

PROMOTION

PROMOTION

မင်္ဂလာပါရှင်…ချစ်ခင်လေးစားအပ်ပါသော သုံးစွဲသူမိဘပြည်သူများအတွက် လာမည့်ဒီဇင်ဘာလမှာ ပြုလုပ်မည့် “ကျေးဇူးတုံ့တင် ကံထူးရှင်ရွေးချယ်ပွဲကြီး”

အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံ တင်ပြပေးလိုက်ပါတယ်ရှင်။

စွမ်းအားအီလက်ထရောနစ်အရောင်းပြခန်းတွင်ဝယ်ယူသူများအတွက်

စွမ်းအားအီလက်ထရောနစ်အရောင်းပြခန်းတွင် ဝယ်ယူသူများအနေနှင့်အောက်မှာဖော်ပြထားတဲ့ အဆင့်လေး အတိုင်းလုပ် ဆောင်လိုက်ရုံပါပဲပါနော်။

Step 1: စွမ်းအားအီလက်ထရောနစ်မှထုတ်ကုန်များကို ကျပ် ၅၀,၀၀၀ ဖိုးဝယ်ယူပြီး ကူပွန်ထုတ်ယူပါ။
Step 2: ကူပွန်ပေါ်ရှိ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ပါ။
Step 3: ကူပွန်ရှိ ကိုယ်ရေးအချက်အလက်များပါဝင်သော အပိုင်းကို အရာင်းပြခန်းအတွင်း ထားရှိသော ကံစမ်းမဲပုံးထဲသို့ထည့်၍ ကျန်ဖြတ်ပိုင်းကို ဈေးဝယ်သူဘက်မှ သိမ်းထားလိုက်ရုံပါပဲနော်။

“ကျေးဇူးတုံ့တင် ကံထူးရှင်ရွေးချယ်ပွဲကြီး”

ကံစမ်းမဲပုံးများကို အရောင်းပြခန်းအတွင်း CCTV မြင်ကွင်းအောက် သတ်မှတ်ထားတဲ့နေရာမှာ ကံစမ်းမဲကာလ ပြီးဆုံးသည်အထိ မရွှေ့မပြောင်းပဲ ပွင့်လင်းမြင်သာမှုရှိစွာပြသထားမှာဖြစ်ပါတယ်ရှင်။

အရောင်းကိုယ်စားလှယ်ဆိုင်များတွင်ဝယ်ယူသူများအတွက်

အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူသူများအနေနှင့်အောက်မှာဖော်ပြထားတဲ့ အဆင့်လေး အတိုင်း လုပ်ဆောင်လိုက်ရုံပါပဲနော်။ ဘယ်အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ကံစမ်းမဲကူပွန် ထုတ်ေ၀ ပေးလဲဆိုတာ အတိအကျသိချင်တယ်ဆိုရင်တော့ Admin တို့ကိုလာရောက်မေးမြန်းနိုင်သလို ဒီပို့စ်အောက်မှာလည်း comment မန့်ပြီး မေးမြန်းနိုင်ပါတယ်ရှင့်။

Step 1: စွမ်းအားအီလက်ထရောနစ်မှထုတ်ကုန်များကို ကျပ် ၅၀,၀၀၀ ဖိုးဝယ်ယူပြီး ကူပွန်ထုတ်ယူပါ။

Step 2: ကူပွန်ပေါ်ရှိ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ပါ။

Step3: ကူပွန်နဲ့ဘောက်ချာကို ဓာတ်ပုံရိုက်၍ စွမ်းအားအီလက်ထရောနစ်၏ Facebook Messenger နှင့် Viber ဖုန်းနံပါတ်(09-954956060)  သို့ပေးပို့ပါ။

ကဲ…ဒီလောက်ဆို စွမ်းအားအီလက်ထရောနစ်ရဲ့ ကံစမ်းမဲအစီအစဉ်မှာ ဘယ်လိုပါဝင်နိုင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရှိသွားပြီထင်ပါတယ်နော်။ မကြာခင် Lucky Draw ကာလလည်း စတော့မယ်ဆိုတော့ ပါဝင်ဆင်နွှဲဖို့ Ready ပဲလားရှင့်?

     Terms & Conditions

ဤ “ကျေးဇူးတုံ့တင် ကံထူးရှင်ရွေးချယ်ပွဲကြီး” ကံစမ်းမဲအစီအစဉ်သည် စွမ်းအားအီလက်ထရော နစ်မှ ကြီးမှူးကျင်းပသောအစီအစဉ်ဖြစ်သည်။

ဤကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းသူများသည် စွမ်းအားအီလက်ထရောနစ်မှ အသေးစိတ် ဖော်ပြထားသည့် စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို နားလည်သဘောတူသည်ဟု ယူဆမည်ဖြစ်ပါသည်။

ဤကံစမ်းမဲအစီအစဉ်တွင် စွမ်းအားအီလက်ထရောနစ်၏ ထုတ်ကုန်ပစ္စည်းများ ဝယ်ယူသည့် မည်သူမဆို ပါဝင်ကံစမ်းနိုင်ပါသည်။

စွမ်းအားအီလက်ထရောနစ်နှင့် ညီနောင်လုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ ပါဝင်ကံစမ်းခွင့်မရှိပါ။

ကံစမ်းမဲကာလမှာ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ အထိ ဖြစ်သည်။

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်သောကုန်ပစ္စည်းများကို ဘောက်ချာတစ်စောင်လျှင် ကျပ် ၅၀,၀၀၀ ဖိုးဝယ်ယူတိုင်း ကံစမ်းမဲကူပွန်တစ်စောင်ရရှိမည်ဖြစ်ပါသည်။

(09-954956060)  သို့ပို့ပေးရမည်ဖြစ်သည်။

(၁၀) ရက်စမ်းသုံးကြည့်ခွင့်ကာလအတွင်း မိမိဝယ်ယူခဲ့သော KVA နှင့် အမျိုးအစားတူသော KVA သာ ပြန်လည်လဲလှယ်နိုင်မည်ဖြစ်ပါသည်။ ဥပမာ – TR 6KVA 84V ဝယ်ယူလျှင် အခြား TR 6KVA 66V, TR 6KVA SD, TR 6KVA SP, TR 6KVA 110, TR 6KVA 110-220 စသည့် AVR – 6KVA အမျိုးအစားနှင့်သာ ပြန်လည်လဲလှယ်နိုင်မည်ဖြစ်ပါသည်။ (သတ်မှတ်ကံစမ်းမဲကာလအတွင်းနှင့် စွမ်းအားအီလက်ထရောနစ်အရောင်းပြခန်းများအတွက်သာ)

ကံစမ်းမဲကာလအတွင်းဝယ်ယူသည့် ထုတ်ကုန်ပစ္စည်းများကို ငွေသား (သို့) အခြားပစ္စည်းများနှင့် ပြန်လည်လဲလှယ်ပေးမည်မဟုတ်ပါ။

ကံထူးရှင်များကို စွမ်းအားအီလက်ထရောနစ်၏ Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်(Live) ၍ ကြေညာပေးသွားမည်ဖြစ်ပါသည်။

ကံထူးရှင်များစာရင်းကို စွမ်းအားအီလက်ထရောနစ်၏ Facebook စာမျက်နှာနှင့် Websiteswanarrelectronics.com.mm) တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကံထူးရှင်များကို ကြေညာသည့်နေ့မှစ၍ ကံစမ်းမဲကူပွန်ထဲတွင် ဖြည့်စွက်ထားသော ဖုန်းနံပါတ် များအတိုင်း ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

ဆုမဲရရှိသည်ဟု သတင်းရသူများသည် စွမ်းအားအီလက်ထရောနစ်၏ Facebook Messenger (သို့) Viber ဖုန်းနံပါတ် (09-954956060) သို့ မိမိ၏မှတ်ပုံတင်၊ ကူပွန် နှင့် ဘောက်ချာကို ဓာတ်ပုံရိုက်၍ ပို့ပေးရမည်ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ကံထူးရှင်များကိုဆက်သွယ်၍မရခြင်း (သို့) ဆုမဲများကို ထုတ်ယူလက်ခံမှုမရှိပါက ထိုဆုမဲများကိုစွမ်းအားအီလက်ထရောနစ်ကုမ္ပဏီ၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကံထူးရှင်တစ်ဦးမှ ဆုမဲတစ်ခုထက်ပို၍ကံထူးပါက ဆုမဲအကြီး (ကားဆု (သို့) ဖုန်းဆု) ကိုသာယူ၍ ဆုမဲအသေး (ရွှေလက်စွပ်) ကိုပယ်သွားမည်ဖြစ်ပါသည်။ ထိုဆုမဲအသေးကို အခြားကံစမ်း ထားသူများထဲမှ ကံထူးရှင်အသစ်အား ပြန်လည်ရွေးချယ်ပေးသွားမည်ဖြစ်သည်။

ဤကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းသူများသည် စွမ်းအားအီလက်ထရောနစ်မှ စီမံသောပွဲများ နှင့် အခြားဈေးကွက်မြှင့်တင်ရေးအစီအစဉ်များတွင် ပါဝင်ဆင်နွှဲရမည်ဖြစ်ပါသည်။ (ဥပမာ-ဓာတ်ပုံ အသုံးပြုခွင့်ပေးခြင်း၊ ကိုယ်ရေးအချက်အလက်များပေးပို့ခြင်း) ဤအချက်သည် ဆုကြီး (ကားဆုနှင့် ဖုန်းဆု) များကို ရရှိသူများအတွက် အလွန်အရေးကြီးပါသည်။

ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းသူများသည် စွမ်းအားအီလက်ထရောနစ်၏ ခွင့်ပြုချက်မရရှိဘဲသတင်းဌာနနှင့် အခြားသောမီဒီယာများကို ဤကံစမ်းမဲအစီအစဉ်နှင့်ပတ်သက်၍ ပြောဆိုပိုင်ခွင့် မရှိပါ။

ကံစမ်းမဲဆုများကို ငွေသားနဲ့ပြန်လည်လဲလှယ်ပေးမည်မဟုတ်ပါ။

ဆုမဲများကိုမသမာသောရည်ရွယ်ချက်ဖြင့် ထုတ်ယူရန်ကြိုးစားခြင်းနှင့် မသင်္ကာစရာတစ်စုံတစ်ရာ တွေ့ရှိပါက တည်ဆဲဥပဒေအရအရေးယူသွားမည်ဖြစ်သည်။

ပျက်စီးနေသော၊ ဖျက်ရာများပါရှိသော၊ ပြုပြင်ထားသော၊ ဆင်တူယိုးမှားကူပွန်များကို ထည့်သွင်း စဉ်းစားသွားမည်မဟုတ်ပါ။

ဤကံစမ်းမဲအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက စွမ်းအားအီလက်ထရောနစ်၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။

ဤကံစမ်းမဲအစီအစဉ်နှင့်ပတ်သက်၍ ရန်သူမျိုးငါးပါးကြောင့် ဖြစ်ပေါ်လာသော ကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ပါ။

ဤကံစမ်းမဲအစီအစဉ်ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော ကုန်ကျစရိတ်နှင့်အခြားကိစ္စအ၀၀ ကို စွမ်းအားအီလက်ထရောနစ်မှ တာဝန်ယူမည်မဟုတ်ပါ။

စွမ်းအားအီလက်ထရောနစ်၏ ယခုကံစမ်းမဲအစီအစဉ်နှင့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ ကို ကြိုတင်၍အကြောင်းကြားသည်ဖြစ်စေ၊ အကြောင်းမကြားသည်ဖြစ်စေ စွမ်းအားအီလက် ထရောနစ်၏ သဘောအတိုင်းပြင်ဆင်ခွင့်ရှိသည်။

ကံစမ်းမဲအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စွမ်းအားအီလက်ထရောနစ်၏ Facebook စာမျက်နှာနှင့် Website (swanarrelectronics.com.mm) တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး ဖုန်း (09-954956060) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။