Simple. Efficient.

FREQUENTLY ASKED QUESTIONS

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်လျှက်ရှိသော ပစ္စည်းအမျိုးအစားများက ဘာတွေလဲ

Automatic Voltage Regulator, Inverter, Protector, Lamp and Charger. အသေးစိတ်သိရှိလိုလျှင် - Product (ထုတ်ကုန်များ) ကိုကြည့်ရန်။

ဘယ်လိုဝန်ဆောင်မှုတွေပေးသလဲ

စွမ်းအားအီလက်ထရောနစ်မှထုတ်လုပ်လျှက်ရှိသော ထုတ်ကုန်များသည် Lifetime Service (တစ်သက်တာလက်ခမဲ့ဝန်ဆောင်မှု)ရှိပါသည်။. အသေးစိတ်သိရှိလိုလျှင် - - Sale Policies တွင်ကြည့်ရှုနိုင်ပါသည်။

Warranty ပေးတာကောရှိလား

စွမ်းအားတံဆိပ်အော်တိုဗို့အားထိမ်းညှိစက်များကို 1 Year Warranty ပေးထားပါသည်။ အသေးစိတ်သိရှိလိုလျှင် - - Sale Policies တွင်ကြည့်ရှုနိုင်ပါသည်။

အိမ်သုံးအနေနဲ့ဝယ်လျှင် ဈေးလျှော့ပေးတာမျိုးရှိပါသလား။

စွမ်းအားအီလက်ထရောနစ်မှ ဝယ်ယူအားပေးကြသော Customer များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မေတ္တာ လက်ဆောင်ပေးခြင်းများ နှင့် ဈေးနှုန်းလျှော့ခြင်းများကို အစဉ်တစိုက်ပြုလုပ်ပေးလျှက်ရှိပါသည်။ ထိုအစီအစဉ်များ ကိုအစီအစဉ်မပြုလုပ်မှီ ကြိုတင်ကြော်ငြာခြင်းများကိုပြုလုပ်ပေးလျှက်ရှိပါသည်။ အချိန်နှင့်တပြေးညီသိရှိနိုင်ရန် စွမ်းအား၏ Facebook Page https://www.facebook.com/SwanArrElectronics/ တွင်ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

စွမ်းအားအီလက်ထရောနစ်၏ ထုတ်ကုန်များကို မည်သည့်မြို့များတွင်ဝယ်ယူရရှိနိုင်ပါသလဲ

စွမ်းအားအီလက်ထရောနစ်သည် မန္တလေးမြို့တွင် ရုံးထိုင်ပြီး၊ ရန်ကုန် နှင့် မုံရွာမြို့များတွင်လည်း Showroom များရှိ ပါသည်။ ထို့အပြင် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စွမ်းအားအီလက်ထရောနစ်၏ အရောင်းကိုယ်စားလှယ်တော် ကြီးများတည့်ရှိရာမြို့များတွင်လည်းရရှိ နိုင်ပါသည်။
အသေးစိတ်သိရှိရန် - Retail Outlets ကိုကြည့်ပါ။

ဝယ်ယူထားသော စွမ်းအားစက်သည် အသုံးပြုရအဆင်မပြေဖြစ်နေပါသဖြင့် မည်သို့ Service ပြရပါသနည်း

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်ရောင်းချလျှက်ရှိသော ထုတ်ကုန်အားလုံးကို 1986 ခုနှစ်မှစ၍ယနေ့ အချိန်အထိ တာဝန်ယူပြုပြင်ဆောင် ရွက်ပေးလျှက်ရှိပါသည်။
အသေးစိတ်သိရှိလိုလျှင် - - Service Policies တွင်ကြည့်ရှုနိုင်ပါသည်။

Service ဌာနသည် မည်သည့်မြို့နယ်တွင်တည်ရှိပါသနည်း

မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မုံရွာမြို့များတွင် Service ဌာနများထားရှိပြီး တစ်နိုင်ငံလုံးမှ ရောင်းချထားသော ပစ္စည်း များအားလုံးကို တာဝန်ယူပြုပြင်ပေးလျှက်ရှိပါသည်။
အသေးစိတ်သိရှိလိုလျှင် - - Service Policies တွင်ကြည့်ရှုနိုင်ပါသည်။