Simple. Efficient.

SALE & REFUND POLICY

Sale Policies

စွမ်းအားအီလက်ထရောနစ်မှ အော်တိုဗို့အားထိန်းညှိစက်များ ၊အင်ဗာတာ၊မီးဖြတ်စက်၊မီးအိမ်များနှင့် အခြားအီလက်ထရောနစ် ထုတ်ကုန်များကို စွမ်းအားတံဆိပ် နှင့်အီကိုပါဝါတံဆိပ်တို့ဖြင့် မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။

Lifetime Service

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်ရောင်းချလျှက်ရှိသော ထုတ်ကုန်အားလုံးကို Lifetime Service(တစ်သက် တာလက်ခမဲ့ဝန်ဆောင်မှု့) ပေးထားပြီးဖြစ်ပါသည်။ Customer များဝယ်ယူထားသော စွမ်းအားထုတ်ကုန်များကို မည်သည့်အ ချိန်တွင်မဆို စွမ်းအားအီလက်ထရောနစ်၏ Service ဌာနတွင်လာရောက်ပြုပြင်ပါက လက်ခ(ဝန်ဆောင်ခ)လုံးဝမယူပဲ ပစ္စည်း လဲလှယ်မှသာလျင် ပစ္စည်းဖိုး ပေးဆောင်ရမည် ဖြစ်ပါသည်။ ထိုစွမ်းအားထုတ်ကုန်သည် စွမ်းအားအီလက်ထရောနစ်၏ Showroom တွင်ဝယ်ယူထားသောပစ္စည်းသာမက တစ်နိုင်ငံလုံးတွင်ရှိသော အရောင်း ကိုယ်စားလှယ်တော်ကြီး များထံမှဝယ်ယူထားသော ပစ္စည်းများသည်လည်းအကျုံးဝင်ပါသည်။

စွမ်းအားတံဆိပ်အော်တိုဗို့အားထိန်းညှိစက်များ

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်ရောင်းချလျှက်ရှိသော စွမ်းအားတံဆိပ် အော်တိုဗို့အားထိန်းညှိစက် များဖြစ်သော 3KVA,6KVA,10KVA နှင့် 15KVA တို့ကိုဝယ်ယူပါက One Year Warranty,10 Days Test Use နှင့် Free Delivery and Free Installation တို့ကိုပါရရှိနိုင်မည်ဖြစ်ပါသည်။

One Year Warranty

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်ရောင်းချလျှက်ရှိသော စွမ်းအားတံဆိပ် အော်တိုဗို့အားထိန်းညှိစက်များကို ဝယ်ယူသည့် နေ့မှစ၍ အာမခံတစ်နှစ်ရှိပါသည်။ ထိုတစ်နှစ်အတွင်း စွမ်းအားအီလက်ထရောနစ်၏ Service ဌာနသို့လာ ရောက်ပြုပြင်ပါက မည်သည့်အစိတ်အပိုင်းကိုမဆို အခကြေးငွေမယူပဲ ပြုပြင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

10 Days Test Use (၁၀ရက်စမ်းသုံးခွင့်)

စွမ်းအားအီလက်ထရောနစ်မှထုတ်လုပ်ရောင်းချလျှက်ရှိသော စွမ်းအားတံဆိပ် အော်တိုဗို့အားထိန်းညှိစက်များကို ဝယ်ယူသော Customer များအတွက် 10ရက်စမ်းသုံးခွင့်ရှိပါသည်။ ထို10ရက်စမ်းသုံးခွင့်သည် စွမ်းအားအီလက်ထရောနစ်၏ Showroom များတွင်ဝယ်ယူမှသာလျှင်ရရှိမည်ဖြစ်ပြီး ထို Showroom တည်ရှိရာမြို့များတွင်သာအကျုံးဝင်မည်ဖြစ်ပါသည်။ ဝယ်ယူသည့်နေ့မှစ၍10ရက်ပြည့်သည့်နေ့အတွင်း အသုံးပြုရာတွင်အဆင်မပြေပါက ဝယ်ယူခဲ့သော Showroom သို့ပြန်လည်အပ်နှံနိုင်ပါသည်။ ထိုအခါတွင် စွမ်းအားအီလက်ထရောနစ်မှ ဝယ်ယူခဲ့သောပစ္စည်း၏တန်ဖိုးအတိုင်း Customer များအားပြန်အမ်းပေးမည်ဖြစ်ပါသည်။ သို့မဟုတ် စွမ်းအားအီလက်ထရောနစ်၏ စွမ်းအားတံဆိပ် အခြား အော်တိုဗို့အားထိန်းညှိစက်နှင့်လဲလှယ်၍လည်းရနိုင်ပါသည်။Customerများဝယ်ယူထားသောပစ္စည်းသည်လဲလှယ်လိုသည့် ပစ္စည်း၏ တန်ဖိုး ထက်ပိုနေပါက ထိုပိုငွေကို စွမ်းအားအီလက်ထရောနစ်မှ ပြန်အမ်းပေးမည်ဖြစ်ပြီး၊ လဲလှယ်လိုသော ပစ္စည်းတန်ဖိုးထက်လျော့ နေပါက လိုငွေကို Customer များဘက်မှ အလိုက်ပေးရမည်ဖြစ်သည်။ လဲလှယ်လိုသည်ဖြစ်စေ၊ ပြန်အပ်လိုသည်ဖြစ်စေ 10ရက်အတွင်း စွမ်းအားအီလက်ထရောနစ်သို့ အကြောင်းကြားရမည်ဖြစ် ပါသည်။

(မှတ်ချက်။ ။10ရက်အတွင်းသည် Showroom ရှိအရောင်းဝန်ထမ်းများတွင် အထက်ပါအကြောင်းအရာများကို ပြုလုပ်ပေးနိုင်ရန်ဆုံးဖြတ်ခွင့်ရှိပါသည်။ 10ရက်ကျော်လွန်သွားပါက Sale & Marketing Manager(SA) ၏ဆုံးဖြတ်ချက် အတိုင်းသာဖြစ်ပါသည်)

15 Days Test Use

စွမ်းအားအီလက်ထရောနစ်၏ Showroom များတွင် အော်တိုဗို့အားထိန်းညှိစက်ဝယ်ယူသော Customer များကို 10ရက်စမ်းသုံး ခွင့်ပေးထားပြီးဖြစ်ပါသည်။ သို့သော် နယ်ဝေးမှ Showroom သို့လာရောက်ဝယ်ယူကြသော Customer များအတွက်အဆင် ပြေစေရန် 5ရက်ပေါင်း၍ စမ်းသုံးခွင့်ကို 15ရက်သတ်မှတ်ပေးထားပါသည်။ လဲလှယ်လိုသည်ဖြစ်စေ ပြန်အပ်လိုသည်ဖြစ်စေ 15ရက်အတွင်း စွမ်းအားအီလက်ထရောနစ်သို့ အကြောင်းကြားရမည်ဖြစ် ပါသည်။

(မှတ်ချက်။ ။15ရက်အတွင်းသည် Showroom ရှိအရောင်းဝန်ထမ်းများတွင် အထက်ပါအကြောင်းအရာများကို ပြုလုပ်ပေးနိုင်ရန်ဆုံးဖြတ်ခွင့်ရှိပါသည်။ 15ရက်ကျော်လွန်သွားပါက Sale & Marketing Manager(SA) ၏ဆုံးဖြတ်ချက် အတိုင်းသာဖြစ်ပါသည်)

Free Delivery and Free Installation

စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်သောစွမ်းအားတံဆိပ် အော်တိုဗို့အားထိန်းညှိစက်များအား ဝယ်ယူသော Customer များ ကိုအိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း နှင့် တပ်ဆင်ပေးခြင်းများကို ဝန်ဆောင်ခ မယူပဲလိုက်လံ ဆောင်ရွက်ပေးနေပါသည်။ ဤဝန်ဆောင်မှုများကို Showroom တည်ရှိရာမြို့များတွင်သာရရှိနိုင်ပြီး စွမ်းအား Showroom တွင်ဝယ်ယူမှသာရရှိမည်ဖြစ်ပါ သည်။

Free Delivery - ပစ္စည်းများကို အိမ်တိုင်ရာရောက်ပို့ဆောင်ရာတွင် အထပ်မြင့်များ နှင့် အမြင့်နေရာများကို တင်ဆောင်လို ပါက Customer များဘက်မှ တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ နယ်ဝေးမှ Showroom သို့လာရောက်ဝယ်ယူကြ သော Customer များကို Showroom တည်ရှိရာမြို့၏ ပို့ဆောင်ရေးဌာနတိုင်းကို အရောက်ပ့ိုဆောင်ပေးပါသည်။ ပို့ဆောင် ရေးဌာန၏ ကျသင့်ငွေကို Customer များဘက်မှကျခံရမည်ဖြစ်ပါသည်။

Free Installation - တပ်ဆင်ရာတွင် အဝင်ကြိုးနှင့် အထွက်ကြိုးများကို စနစ်တကျ အန္တရာယ်ကင်း ရှင်းစေရန်တပ်ဆင်ပေး ပါသည်။

မှတ်ချက်။ ။Commercial grade ထုတ်ကုန်အဖြစ်သာ တာဝန်ခံပါသည်။ အကျိုးဆက် နှင့် ဆင့်ပွားဆုံးရှုံးမှုများ အပေါ် လုံးဝတာဝန် မယူပါ။