Simple. Efficient.

10KVA AUTO 84V

ပစ္စည်းအမည် 10KVA (84V)
ပစ္စည်းအမျိုးအစား အော်တိုဗို့အားထိန်းညှိစက် (Relay စနစ်)
ပုံမှန် အဝင်မီးအား (84 V မှ 250 V)AC (Frequency 50Hz)
အထွက်မီးအား 220V (195V ~ 235V) (AC) (Frequency 50Hz)
ဝန်ပြည့်ပါဝါ 10000 VA
အဝင်မီးအားဖြတ်မှတ် 250 VAC
တပ်ဆင်အသုံးပြုမှု ဝါယာဖြင့်ချိတ်တက်မှုနည်းစနစ် (Single)
ဝန်ဆောင်မှု ၁၀ ရက်စမ်းသုံးနိုင်ပါသည်။ ၁ နှစ်အာမခံပါသည်။ တစ်သက်တာ ဝန်ဆောင်မှုပေးပါသည်။
အသုံးပြုပုံ အဝင်မီးအား 84 V မှ စတင်ပြီးအသုံးပြုနိုင်ပါသည်။ အဝင်မီးအား 84 V တွင် (တီဗွီ၊ ရေခဲသေတ္တာ၊ ပန်ကာ၊ မီးချောင်း) စသည်တို့ကို အသုံးပြုနိုင်ပါသည်။ အဝင်မီအား 160Vမှစပြီး အဲယားကွန်း (1.5hp/တစ်ကောင်ခွဲ ၂ လုံး (သို့) 2hp/ နှစ်ကောင် ၁ လုံး) နှင့် ရေမော်တာ (1.5hp/တစ်ကောင်ခွဲ ၂ လုံး (သို့) 2hp/ နှစ်ကောင် ၁ လုံး) တို့ကို စတင်သုံးပြုနိုင်ပါသည်။ အဝင်မီးအား 180V မှစ၍ အဲယားကွန်း (2hp/ နှစ်ကောင် ၂ လုံး (သို့) 5 hp/ ငါးကောင် ၁ လုံး) နှင့် ရေမော်တာ (2hp/ နှစ်ကောင် ၂ လုံး (သို့) 5 hp/ ငါးကောင် ၁ လုံး) တို့နှင့် အတူ (တီဗွီ၊ ရေခဲသေတ္တာ၊ ပန်ကာ၊ မီးချောင်း) စသည်တို့ကို အသုံးပြုနိုင်ပါသည်။ စက်ပုံမှန် အလုပ်လုပ်နေချိန်တွင် မီးဝါနှစ်လုံး လင်းနေပါမည်။ စက်ချို့ယွင်းချက် (သို့မဟုတ်) အထွက်မီးအား 250 V ကျော်လာပါက မီးနီလင်းလာပြီး AUTO (အလိုအလျောက်) ပိတ်သွားပါမည်။ ထိုအချိန်တွင် မီးအားမြှင့်စက်တွင်ပါရှိသော ချိန်းအိုဗာ (CHANGE OVER) ကိုအလယ်သို့ထားပြီး မီးအား 250 V အောက်ကျသွားမှသာလျှင် အပေါ်သို့ပြန်တင်ပေးရမည်။ (CHANGE OVER) တွင် AUTO နှင့် DIRECT ဟူ၍ အနေအထားနှစ်မျိုးပါရှိပါသည်။ DIRECT အနေအထားတွင် ထားရှိပါက အဝင်မီးအားအတိုင်း ရရှိမည်ဖြစ်ပြီး မီးအားမြှင့်စက်၏ လုပ်ဆောင်ချက်ရရှိတော့မည် မဟုတ်ပေ။ AUTOအနေအထားတွင်ထားရှိမှသာလျှင် မီးအားအတက်အကျတွင် အန္တရာယ်မဖြစ်စေရန် မီးအားမြှင့်စက်မှ ကာကွယ်ပေးမည်ဖြစ်ပါသည်။
ဈေးနှုန်း MMK 1,875,000