Simple. Efficient.

15KVA AUTO 66V

ပစ္စည်းအမည် 15KVA (66V)
ပစ္စည်းအမျိုးအစား အော်တိုဗို့အားထိန်းညှိစက် (Relay စနစ်)
ပုံမှန် အဝင်မီးအား (66 V မှ 250 V)AC (Frequency 50Hz)
အထွက်မီးအား 220V (195V ~ 235V) (AC) (Frequency 50Hz)
ဝန်ပြည့်ပါဝါ 15000 VA
အဝင်မီးအားဖြတ်မှတ် 250 VAC
တပ်ဆင်အသုံးပြုမှု ဝါယာဖြင့်ချိတ်တက်မှုနည်းစနစ် (Single)
ဝန်ဆောင်မှု ၁၀ ရက်စမ်းသုံးနိုင်ပါသည်။ ၁ နှစ်အာမခံပါသည်။ တစ်သက်တာ ဝန်ဆောင်မှုပေးပါသည်။
အသုံးပြုပုံ အဝင်မီးအား 66 V မှ စတင်ပြီး အသုံးပြုနိုင်ပါသည်။ အဝင်မီးအား 66 V တွင် (တီဗွီ၊ ရေခဲသေတ္တာ၊ ပန်ကာ၊ မီးချောင်း) စသည်တို့ကို အသုံးပြုနိုင်ပါသည်။ အဝင်မီအား 160Vမှစပြီး အဲယားကွန်း (2hp/နှစ်ကောင် ၂ လုံး (သို့) 5hp/ ငါးကောင် ၁ လုံး) နှင့် ရေမော်တာ(2hp/နှစ်ကောင် ၂ လုံး (သို့) 5hp/ ငါးကောင် ၁ လုံး) တို့ကို စတင်သုံးပြုနိုင်ပါသည်။ အဝင်မီးအား 180V မှစ၍ အဲယားကွန်း (2hp/ နှစ်ကောင် ၃ လုံး(သို့) 5 hp/ ငါးကောင် ၁ လုံး) နှင့် ရေမော်တာ (2hp/ နှစ်ကောင် ၃ လုံး (သို့) 5 hp/ ငါးကောင် ၁ လုံး) တို့နှင့်အတူ (တီဗွီ၊ ရေခဲသေတ္တာ၊ ပန်ကာ၊ မီးချောင်း) စသည်တို့ကို အသုံးပြုနိုင်ပါသည်။ စက်ပုံမှန် အလုပ်လုပ်နေချိန်တွင် မီးဝါနှစ်လုံး လင်းနေပါမည်။ စက်ချို့ယွင်းချက် (သို့မဟုတ်) အထွက် မီးအား 250 V ကျော်လာပါက မီးနီလင်းလာပြီး AUTO (အလိုအလျောက်) ပိတ်သွားပါမည်။ ထိုအချိန်တွင် မီးအားမြှင့်စက်တွင် ပါရှိသော ချိန်းအိုဗာ (CHANGE OVER) ကိုအလယ်သို့ ထားပြီးမီးအား 250 V အောက်ကျသွားမှ သာလျှင် အပေါ်သို့ ပြန်တင်ပေးရမည်။ (CHANGEOVER) တွင် AUTO နှင့် DIRECT ဟူ၍ အနေအထားနှစ်မျိုး ပါရှိပါသည်။ DIRECT အနေအထားတွင် ထားရှိပါက အဝင်မီးအားအတိုင်း ရရှိမည်ဖြစ်ပြီး မီးအားမြှင့်စက်၏ လုပ်ဆောင်ချက် ရရှိတော့မည် မဟုတ်ပေ။ AUTO အနေအထားတွင် ထားရှိမှသာလျှင် မီးအားအတက်အကျတွင် အန္တရာယ်မဖြစ်စေရန် မီအားမြှင့်စက်မှ ကာကွယ်ပေးမည်ဖြစ်ပါသည်။
ဈေးနှုန်း MMK 2,324,000