Simple. Efficient.

3KVA Auto(66V)

ပစ္စည်းအမည် 3KVA (66V)
ပစ္စည်းအမျိုးအစား အော်တိုဗို့အားထိန်းညှိစက် (Relay စနစ်)
ပုံမှန် အဝင်မီးအား (66 V မှ 250 V)AC(Frequency 50Hz)
အထွက်မီးအား 220V (195V ~ 235V) (AC)(Frequency 50Hz)
ဝန်ပြည့်ပါဝါ 3000 VA
အဝင်မီးအားဖြတ်မှတ် 250 VAC
တပ်ဆင်အသုံးပြုမှု ဝါယာဖြင့်ချိတ်တက်မှုနည်းစနစ် (Single)
ဝန်ဆောင်မှု ၁၀ ရက်စမ်းသုံးနိုင်ပါသည်။ ၁ နှစ်အာမခံပါသည်။ တစ်သက်တာ ဝန်ဆောင်မှုပေးပါသည်။
အသုံးပြုပုံ အဝင်မီးအား 66 V မှ စတင်ပြီး အသုံးပြုနိုင်ပါသည်။ အဝင်မီးအား 66 V တွင် (တီဗွီ၊ ရေခဲသေတ္တာ၊ ပန်ကာ၊ မီးချောင်း) စသည်တို့ကို အသုံးပြုနိုင်ပါသည်။ အဝင်မီအား 160Vမှစပြီး အဲယားကွန်း (1hp/ တစ်ကောင်) တစ်လုံး (သို့) ရေမော်တာ ( 1hp/ တစ်ကောင် ) တစ်လုံးတို့ကို စတင် အသုံးပြုနိုင်ပါသည်။ အဝင်မီးအား 180 V မှစ၍ အဲယားကွန်း (1hp/ တစ်ကောင်၂ လုံး (သို့) 1.5 hp/ တစ်ကောင်ခွဲ ၁ လုံး) နှင့် ရေမော်တာ (1hp/ တစ်ကောင် ၂ လုံး (သို့) 1.5 hp/ တစ်ကောင်ခွဲ ၁ လုံး) တို့နှင့် အတူ (တီဗွီ၊ ရေခဲသေတ္တာ၊ ပန်ကာ၊ မီးချောင်း) စသည်တို့ကို အသုံးပြုနိုင်ပါသည်။ စက်ပုံမှန် အလုပ်လုပ်နေချိန်တွင် မီးဝါနှစ်လုံးလင်းနေပါမည်။ စက်ချို့ယွင်းချက် (သို့မဟုတ်) အထွက်မီးအား 250 V ကျော်လာပါက မီးနီလင်းလာပြီး AUTO (အလိုအလျောက်) ပိတ်သွားပါမည်။ ထိုအချိန်တွင် မီးအားမြှင့်စက်တွင် ပါရှိသော ချိန်းအိုဗာ (CHANGE OVER) ကိုအလယ်သို့ ထားပြီး မီးအား 250 V အောက်ကျသွားမှသာလျှင် အပေါ်သို့ပြန်တင်ပေးရမည်။ (CHANGE OVER) တွင် AUTO နှင့် DIRECT ဟူ၍ အနေအထားနှစ်မျိုး ပါရှိပါသည်။ DIRECT အနေအထားတွင် ထားရှိပါက အဝင်မီးအားအတိုင်း ရရှိမည်ဖြစ်ပြီး မီးအားမြှင့်စက်၏ လုပ်ဆောင်ချက် ရရှိတော့မည် မဟုတ်ပေ။ AUTO အနေအထားတွင်ထားရှိမှ သာလျှင် မီးအားအတက်အကျတွင် အန္တရာယ်မဖြစ်စေရန် မီးအားမြှင့်စက်မှ ကာကွယ်ပေးမည် ဖြစ်ပါသည်။
ဈေးနှုန်း MMK 959,000