No.16, 79 Street, Between 37 & 38 Street, Mandalay, Myanmar.
02 35034, 02 71866
09 960645523,09 964235034 (Call Center), 09 964271866
Service Center - 09 968424785,09 964235034
Back to : EP 1000W Auto Inverter
ပစ္စည်းအမည် | EP – 1000 |
ပစ္စည်းအမျိုးအစား | အင်ဗာတာ (အော်တို စနစ်) |
အဝင်မီးအား (အားသွင်းရာတွင်) | 180V ~ 240V (AC) (Frequency 50Hz) |
အထှကျမီးအား | Step sine wave 220V(AC) (Frequency 50Hz) |
ဝန်ပြည့်ပါဝါ | 1000W |
ကာကွယ်မှုစနစ် | AC fuse, DC fuse နှင့် Shutdown စနစ် |
အသုံးပြုနိုင်သောဘတ္ထရီ | 70Ah မှ 200 Ah အထိ |
ဝန်ဆောင်မှု | တစ်သက်တာဝန်ဆောင်မှုပေးပါသည်။ |
အသုံးပြုပုံ | အသုံးပြုရာတွင် မိမိကြိုက်နှစ်သက်ရာ 70 Ah မှ 200 Ah အထိရှိသော 12 V ဘတ္ထရီအိုးကို အသုံးပြုနိုင်သည်ဖြစ်ပါသည်။ စတင်အသုံးပြုရာတွင် အင်ဗာတာမှ အနီ၊ အနက်ကြိုးကို ဘက်ထရီအိုးရှိ အဖို၊ အမငုတ်တွင် မှန်ကန်၊ သေချာစွာ တပ် ဆင်ရမည် ဖြစ်ပါသည်။ ထို့နောက် အင်ဗာတာတွင်ရှိသော inverter ဟုပြထားသော ခလုတ်ကို ဖွင့်ရမည်ဖြစ်ပါသည်။ ထိုအချိန်တွင် အင်ဗာတာတွင်ရှိသော (output) ဟုသော မီးစိမ်းလင်းသည့်အခါတွင် စတင် အသုံးပြုနိုင်ပြီး ဖြစ်ပါသည်။ အင်ဗာတာမှ ထွက်သော မီးအားပမာဏကို အင်ဗာတာ၏ (output) မီတာတွင် ပြသနေမည် ဖြစ်ပါသည်။ အသုံးပြုရာတွင် အင်ဗာတာ၏ 220 V ပြသထားသော socket ပေါက်တွင် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ TV ၊ EVD နှစ်စုံနှင့် မီးချောင်း(၂၀ ဝပ်) အချောင်းနှစ်ဆယ်ကို အသုံးပြုနိုင်ပါသည်။ (မှတ်ချက်- အသုံးပြုမည့်မီးလိုင်းကို အင်ဗာတာလိုင်း သီးသန့်ဖြစ်ရပါမည်။) ဘတ္ထရီအိုးအားသွင်းရာ၌ အင်ဗာတာတွင်ရှိသော (AC) Plug ကြိုးကို မိမိအိမ်ရှိ မီးလိုင်း၏ socketပေါက်များတွင် တပ်ဆင်ရမည် ဖြစ်ပါသည်။ ဘက်ထရီအိုးအားသွင်းရာတွင် CHARGER(အားသွင်း) ဟူသော မီးဝါလင်း နေပါမည်။ ထို့အတူ Amp meter (မီတာ အကြီး)တွင် ဘတ္ထရီအိုး အတွင်းသို့ အားဝင်သော ပမာဏ မည်မျှရှိနေသည်ကို ပြသနေမည်ဖြစ်ပါသည်။ အားသွင်းရာတွင် HIGH(အမြင့်) နှင့် LOW(အနိမ့်) ဟူ၍နှစ်မျိုးရှိသည့် ခလုတ်ပါရှိပါသည်။ အမြန်သွင်းလိုပါက HIGH(အမြင့်)တွင်ထား၍အားသွင်းနိုင်ပါသည်။ သတိပြုရန်မှာ HIGH တွင် ၂နာရီထက်ပို၍ကြာရှည်စွာအားမသွင်းမိရန်ဖြစ်ပါသည်။LOW(အနိမ့်) တွင်သာ အမြဲထားသွင်းသင့်ပါသည်။ ဘတ္ထရီအားပြည့်သွားပါက FULL CHARGE(အားပြည့်) ဟူသော မီးဝါလင်းနေပါမည်။ အားသွင်းရာတွင် အဖွင့်အပိတ်ပြုလုပ်နိုင်ရန် အတွက် Charging ခလုတ်ပါရှိပါသည်။ |