Simple. Efficient.

EP 500W AUTO INVERTER

ပစ္စည်းအမည် EP – 500
ပစ္စည်းအမျိုးအစား အင်ဗာတာ (အော်တို စနစ်)
အဝင်မီးအား (အားသွင်းရာတွင်) 180V ~ 240V (AC) (Frequency 50Hz)
အထွက်မီးအား Step sine wave (220V(AC)+110V(AC)) (Frequency 50Hz)
ဝန်ပြည့်ပါဝါ 500W
ကာကွယ်မှုစနစ် AC fuse, DC fuse နှင့် Shutdown စနစ်
အသုံးပြုနိုင်သောဘတ္ထရီ 35Ah မှ 100 Ah အထိ
ဝန်ဆောင်မှု တစ်သက်တာဝန်ဆောင်မှုပေးပါသည်။
အသုံးပြုပုံ အသုံးပြုရာတွင် မိမိကြိုက်နှစ်သက်ရာ 35 Ah မှ 100 Ah အထိရှိသော 12 V ဘက်ထရီအိုးကို အသုံးပြုနိုင်သည် ဖြစ်ပါသည်။ စတင်အသုံးပြုရာတွင် အင်ဗာတာမှ အနီ၊ အနက်ကြိုးကို ဘတ္ထရီအိုးရှိ အဖို၊ အမငုတ်တွင် မှန်ကန်သေချာစွာ တပ် ဆင်ရမည် ဖြစ်ပါသည်။ ထို့နောက် အင်ဗာတာတွင်ရှိသော inverter ဟုပြထားသော ခလုတ်ကို ဖွင့်ရမည်ဖြစ်ပါသည်။ ထိုအချိန်တွင် အင်ဗာတာတွင်ရှိသော (output) ဟုသော မီးစိမ်းလင်းသည့် အခါတွင် စတင်အသုံးပြုနိုင်ပြီး ဖြစ်ပါသည်။ အင်ဗာတာမှ ထွက်သော မီးအားပမာဏကို အင်ဗာတာ၏ (output) မီတာတွင် ပြသနေမည်ဖြစ်ပါသည်။ အသုံးပြုရာတွင် အင်ဗာတာ၏ 220 V ပြသထားသော socket ပေါက်တွင် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။TV ၊ EVD တစ်စုံနှင့် မီးချောင်း(၂၀ ဝပ်) အချောင်းနှစ်ဆယ်ကို အသုံးပြုနိုင်ပါသည်။ (မှတ်ချက်- အသုံးပြုမည့်မီးလိုင်းကို အင်ဗာတာလိုင်းသီးသန့်ဖြစ်ရပါမည်။) ဘက်ထရီအိုး အားသွင်းရာ၌ အင်ဗာတာတွင်ရှိသော (AC) Plug ကြိုးကို မိမိအိမ်ရှိမီးလိုင်း၏ socket ပေါက်များတွင် တက်ဆင်ရမည်ဖြစ်ပါသည်။ ဘတ္ထရီအိုးအားသွင်းရာတွင် CHARGER (အားသွင်း) ဟူသော မီးဝါလင်းနေပါမည်။ ထို့အတူ Amp meter (မီတာ အကြီး)တွင် ဘတ္ထရီအိုး အတွင်းသို့ အားဝင်သော ပမာဏ မည်မျှရှိနေသည်ကို ပြသနေမည်ဖြစ်ပါသည်။ အားသွင်းရာတွင် HIGH(အမြင့်) နှင့် LOW(အနိမ့်) ဟူ၍နှစ်မျိုးရှိသည့် ခလုတ်ပါ ရှိပါသည်။ အမြန်သွင်းလိုပါက HIGH(အမြင့်)တွင်ထား၍အားသွင်းနိုင်ပါသည်။ သတိပြုရန်မှာ HIGH တွင် ၂နာရီထက်ပို၍ကြာရှည်စွာအားမသွင်းမိရန်ဖြစ်ပါသည်။LOW(အနိမ့်) တွင်သာ အမြဲထားသွင်းသင့်ပါသည်။ ဘက်ထရီအားပြည့်သွားပါက FULL CHARGE(အားပြည့်) ဟူသော မီးဝါလင်းနေပါမည်။
ဈေးနှုန်း MMK 288,000