Simple. Efficient.

Low Frequency PURE SINE WAVE INVERTER 1000W

ပစ္စည်းအမည် Low Frequency Pure Sine Wave Inverter W1000
ပစ္စည်းအမျိုးအစား Inverter (Low frequency)
အဝင်မီးအား 130V ~245V (AC) (Frequency 50/60Hz)
အထွက်မီးအား Pure sine wave 220V(AC) (Frequency 50Hz)
ဝန်ပြည့်ပါဝါ 1000VA/12V
ကာကွယ်မှုစနစ် Low Battery Voltage Protection, Over Temperature Protection (75C), Max Surge Current Protection (15A)
အသုံးပြုနိုင်သောဘတ္ထရီ 12V(120Ah~200Ah)
ဝန်ဆောင်မှု တစ်သက်တာဝန်ဆောင်မှုပေးပါသည်။
အသုံးပြုပုံ အသုံးပြုရာတွင် မိမိကြိုက်နှစ်သက်ရာ 120Ah မှ 200Ah အထိရှိသော 12V ဘက်ထရီအိုးကို အသုံးပြုနိုင်ပါသည်။ စတင်အသုံးပြုရာတွင် Main ခလုတ်ကို ပိတ်ထားပေးပါ။ အင်ဗာတာ ခလုတ်ကိုလည်း ပိတ်ထားပေးပါ။ ထို့နောက် အင်ဗာတာမှ အနီ၊အနက် ကြိုးကို ဘက်ထရီအိုးရှိ အဖို၊အမ ငုတ်များတွင် မှန်ကန်စွာ တပ်ဆင်ရပါမည်။ ဘက်ထရီငုတ်များကို တပ်ဆင်ရာတွင်လည်း ဂွကို အသုံးပြုပြီး တင်းကြပ်စွာ တပ်ဆင်ရပါမည်။ အင်ဗာတာ စက်အဝင် AC ပလပ်ကြိုးကို အိမ်ရှိ မိန်းမှ ဆက်ထားသော ပလပ်ပေါက်မှာ တပ်ဆင်ပြီး AC ပါဝါ ပေး၍ စတင်အသုံးပြုနိုင်ပါပြီ။ AC range အနေဖြင့် 130 မှ 245 အတွင်း အလုပ်လုပ်ဆောင်ပါသည်။ သာမန် Inverter တွင် မပါသည့် AVR စနစ်ထည့်သွင်းထားပါသည်။ မီးအားနည်းလျှင် တင်ပေးပြီး မီးအားကျလျှင် 195~235 ကြားတွင် AVR စနစ်ဖြင့်အလုပ်လုပ်ပေးပါသည်။ လှိုင်းပုံစံ (Wave Form) အနေဖြင့် အစိုးရမှ ပေးသည့် လျှပ်စစ် ဓာတ်အား လှိုင်းပုံစံ Pure Sine Wave အတိုင်းထွက်ပါသည်။ Battery အားနည်းနေချိန်တွင် Alarm မြည်၍ ဆက်လက်သုံးစွဲရန် မသင့်တော်သည့် အခြေအနေတွင် ရပ်ဆိုင်းပေးသည့် စနစ်ပါဝင်ပါသည်။ 3 Stage Charging စနစ်ကို အသုံးပြုထားသည့်အတွက် Battery သက်တမ်းကို ပို၍ကြာရှည်စေပါသည်။ Batteryအိုး ရေဆူပွက်ခြင်း ၊ ရေခမ်းခြင်းများကို တားဆီးပေးပါသည်။ ဘက်ထရီ အမျိုးအစားအားဖြင့် Lead Acid Batteryနှင့် သုံးနိုင်သလို Lithium Ion Battery (LiFePO4)နှင့်လည်း သုံးနိုင်ပါသည်။ Lithium Ion Battery သုံးမည်ဆိုပါက ဒီဇိုင်းအနည်းငယ် ပြောင်းရန် လိုအပ်ပါသည်။ ဒီဇိုင်းပြောင်းရန် ကြာချိန်မှာ ၃ မိနစ်ခန့်သာ ဖြစ်ပါသည်။ အင်ဗာတာ အသုံးပြု နေစဉ်တွင်လည်း ဝန်အား(Load)သည် Max Surge Current 15A ကျော်လျှင် အထွက်ဗို့ကို ဖြုတ်ချပေးသည့် Short Circuit Protection စနစ် ပါဝင်ပါသည်။
ဈေးနှုန်း MMK 554,000