Simple. Efficient.

SA 1000W MANUAL INVERTER

ပစ္စည်းအမည် SA – 1000
ပစ္စည်းအမျိုးအစား အင်ဗာတာ (လက်လှည့် စနစ်)
အဝင်မီးအား (အားသွင်းရာတွင်) 140V ~ 240V (AC) (Frequency 50Hz)
အထွက်မီးအား Step sine wave 220V(AC) (Frequency 50Hz)
ဝန်ပြည့်ပါဝါ 1000W
ကာကွယ်မှုစနစ် AC fuse, DC fuse နှင့် Shutdown စနစ်, အသံမြည်စနစ်
အသုံးပြုနိုင်သောဘတ္ထရီ 70Ah မှ 200 Ah အထိ
ဝန်ဆောင်မှု တစ်သက်တာဝန်ဆောင်မှုပေးပါသည်။
အသုံးပြုပုံ အသုံးပြုရာတွင် မိမိကြိုက်နှစ်သက်ရာ 70 Ah မှ 200 Ah အထိရှိသော 24 V ဘတ္ထရီအိုးကို အသုံးပြုနိုင်သည်ဖြစ်ပါသည်။ စတင်အသုံးပြုရာတွင် အင်ဗာတာမှ အနီ၊ အနက်ကြိုးကို ဘတ္ထရီအိုးရှိ အဖို၊ အမငုတ်တွင် မှန်ကန်၊ သေချာစွာတက်ဆင်ရမည်ဖြစ်ပါသည်။ ထို့နောက် အင်ဗာတာတွင်ရှိသော inverter ဟုပြထားသော ခလုတ်ကိုဖွင့်ရမည်ဖြစ်ပါသည်။ ထိုအချိန်တွင် အင်ဗာတာတွင်ရှိသော (output) ဟုသော မီးစိမ်းလင်းသည့်အခါတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ အင်ဗာတာမှ ထွက်သော မီးအားပမာဏကို အင်ဗာတာ၏ (output) မီတာတွင် ပြသနေမည်ဖြစ်ပါသည်။ အသုံးပြုရာတွင် အင်ဗာတာ၏ 220 V ပြသထားသော socket ပေါက်တွင် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။TV ၊ EVD နှစ်စုံနှင့် မီးချောင်း(၂၀ ဝပ်) အချောင်းနှစ်ဆယ်ကို အသုံးပြုနိုင်ပါသည်။ (မှတ်ချက်- အသုံးပြုမည့်မီးလိုင်းကို အင်ဗာတာလိုင်းသီးသန့်ဖြစ်ရပါမည်။) ဘတ္ထရီအိုးအားသွင်းရာ၌ အင်ဗာတာတွင်ရှိသော (AC) Plug ကြိုးကို မိမိအိမ်ရှိမီးလိုင်း၏ socketပေါက်များတွင် တပ်ဆင်ရမည်ဖြစ်ပါသည်။ ဘတ္ထရီအိုးအားသွင်းရာတွင် CHARGER (အားသွင်း) ဟူသော မီးဝါလင်းနေပါမည်။ ထို့အတူ Ampere meter (မီတာ)တွင် ဘက်ထရီအိုး အတွင်းသို့ အားဝင်သော ပမာဏ မည်မျှရှိနေသည်ကို ပြသနေမည်ဖြစ်ပါသည်။ INVERTERတွင် လက်လှည့် ခလုတ်ပါရှိပြီး အမှတ်စဉ် ၁ မှ ၁၁ အထိပါရှိပါသည်။အားသွင်း ရာတွင် ၃(NORMAL) တွင်ထားရပါမည်။ မီးအားအဝင်နည်းနေလျှင် ဂဏန်း(NUMBER)ကို မြှင့်ပြီး အားသွင်းနိုင်ပါသည်။ မီးအားအဝင်ပြန်မြင့်လာပါက အချက်ပေး (ALARM) မြည်လာပါမည်။ ထိုအချိန်တွင်ဂဏန်း (NUMBER) ကို ၃ (NORMAL) သို့ပြန်ထားပေးရပါမည်။ မီးလာနေချိန်တွင်လည်း အဝင်မီးအားအတိုင်း INVERTER မှ အသုံးပြုနိုင်ပါသည်။ အင်ဗာတာကိုဖွင့်ထားလျှင် မီးလာချိန်တွင်လည်း တိုက်ရိုက်အသုံးပြုနိုင်သကဲ့သို့ မီးပျက်သွားသောအခါတွင်လည်း အလိုအလျောက် အင်ဗာတာစနစ်သို့ပြောင်းပေးနိုင်ပါသည်။ ဘတ္ထရီအားပြည့်သွားပါက FULL CHARGE (အားပြည့်) ဟူသော မီးဝါလင်းနေပါမည်။
ဈေးနှုန်း MMK 486,000