No.16, 79 Street, Between 37 & 38 Street, Mandalay, Myanmar.
02 35034, 02 71866
09 960645523,09 964235034 (Call Center), 09 964271866
Service Center - 09 968424785,09 964235034
Back to : SA 500W MANUAL INVERTER
ပစ္စည်းအမည် | SA - 500 |
ပစ္စည်းအမျိုးအစား | အင်ဗာတာ (လက်လှည့် စနစ်) |
အဝင်မီးအား (အားသွင်းရာတွင်) | 140V ~ 240V (AC) (Frequency 50Hz) |
အထွက်မီးအား | Step sine wave (220V(AC)+110V(AC)) (Frequency 50Hz) |
ဝန်ပြည့်ပါဝါ | 500W |
ကာကွယ်မှုစနစ် | AC fuse, DC fuse နှင့် Shutdown စနစ်, အသံမြည်စနစ် |
အသုံးပြုနိုင်သောဘတ္ထရီ | 35Ah မှ 100 Ah အထိ |
ဝန်ဆောင်မှု | တစ်သက်တာဝန်ဆောင်မှုပေးပါသည်။ |
အသုံးပြုပုံ | အသုံးပြုရာတွင် မိမိကြိုက်နှစ်သက်ရာ 35 Ah မှ 100 Ah အထိရှိသော 12 V ဘက်ထရီအိုးကို အသုံးပြုနိုင်ပါသည်။ စတင်အသုံးပြုရာတွင် အင်ဗာတာမှ အနီ၊ အနက်ကြိုးကို ဘက်ထရီအိုးရှိ အဖို၊ အမငုတ်တွင် မှန်ကန်၊ သေချာစွာတက်ဆင်ရမည်ဖြစ်ပါသည်။ ထို့နောက် အင်ဗာတာတွင်ရှိသော inverter ဟုပြထားသော ခလုတ်ကိုဖွင့်ရမည်ဖြစ်ပါသည်။ ထိုအချိန်တွင် အင်ဗာတာတွင်ရှိသော (output) ဟုသော မီးစိမ်းလင်းသည့်အခါတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ အင်ဗာတာမှ ထွက်သော မီးအားပမာဏကို အင်ဗာတာ၏ (output) မီတာတွင် ပြသနေမည်ဖြစ်ပါသည်။ အသုံးပြုရာတွင်အင်ဗာတာ၏ 220 V ပြသထားသော socket ပေါက်တွင် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။TV ၊ EVD တစ်စုံနှင့် မီးချောင်း(၂၀၀ပ်) အချောင်းနှစ်ဆယ်ကို အသုံးပြုနိုင်ပါသည်။(မှတ်ချက်- အသုံးပြုမည့်မီးလိုင်းကို အင်ဗာတာလိုင်းသီးသန့်ဖြစ်ရပါမည်။) ဘတ္ထရီအိုးအားသွင်းရာ၌ အင်ဗာတာတွင်ရှိသော (AC) Plug ကြိုးကို မိမိအိမ်ရှိမီးလိုင်း၏ socketပေါက်များတွင် တက်ဆင်ရမည်ဖြစ်ပါသည်။ ဘက်ထရီအိုးအားသွင်းရာတွင် CHARGER(အားသွင်း) ဟူသော မီးဝါလင်းနေပါမည်။ ထို့အတူ Amp meter (မီတာ အကြီး)တွင် ဘတ္ထရီအိုး အတွင်းသို့ အားဝင်သော ပမာဏ မည်မျှရှိနေသည်ကို ပြသနေမည်ဖြစ်ပါ သည်။ INVERTERတွင် လက်လှည့်ခလုတ်ပါရှိပြီး အမှတ်စဉ် ၁ မှ ၁၁ အထိပါရှိပါသည်။ အားသွင်းရာတွင် ၃(NORMAL) တွင်ထားရပါမည်။ မီးအားအဝင်နည်းနေလျှင် ဂဏန်း(NUMBER)ကို မြှင့်ပြီး အားသွင်းနိုင်ပါသည်။ မီးအားအဝင်ပြန်မြင့်လာပါက အချက်ပေး(ALARM) မြည်လာပါမည်။ ထိုအချိန်တွင်ဂဏန်း (NUMBER) ကို ၃ (NORMAL) သို့ပြန်ထားပေးရပါမည်။ မီးလာနေချိန်တွင်လည်း အဝင်မီးအားအတိုင်း INVERTER မှ အသုံးပြုနိုင်ပါသည်။ အင်ဗာတာကို ဖွင့်ထားလျှင် မီးလာချိန်တွင်လည်း တိုက်ရိုက်အသုံးပြုနိုင်သကဲ့သို့ မီးပျက်သွားသောအခါတွင်လည်း အလိုအလျောက် အင်ဗာတာစနစ်သို့ပြောင်းပေးနိုင်ပါသည်။ ဘက်ထရီအားပြည့်သွားပါက FULL CHARGE (အားပြည့်) ဟူသောမီးဝါလင်းနေပါမည်။ |