Simple. Efficient.

SWAN ARR DIGITAL REFRIGERATOR PROTECTOR

ပစ္စည်းအမည် Swan Arr Digital – Ref
ပစ္စည်းအမျိုးအစား ဗို့အားဖြတ်စက် (ဒီဂျစ်တယ် စနစ်)
မီးအား ဖြတ်မှတ် 170 V (under) – 245 V (over)
စောင့်ဆိုင်းချိန် Random Counter (~10s) + (၄ မိနစ်)
ကာကွယ်မှုစနစ် AC FUSE
တပ်ဆင်အသုံးပြုမှု Plug-in (AC)
ဝန်ဆောင်မှု တစ်သက်တာဝန်ဆောင်မှုပေးပါသည်။
အသုံးပြုပုံ အဝင်မီးအား 170 V မှစတင်၍ အသုံးပြုနိုင်ပါသည်။ အသုံးပြုရာတွင် ရေခဲသေတ္တာတစ်လုံးတည်းသီးသန့် အသုံးပြုရမည်ဖြစ်ပါသည်။ အဝင်မီးအား 170 V အောက်သို့ရောက်ရှိသည့် အခါတွင် မီးဖြတ်စက်မှ လျှပ်စစ်မီးအားကို ဖြတ်တောက်ပေး၍ အဝင်မီးအား 245 V သို့ ရောက်ရှိသည့်အခါတွင်လည်း လျှပ်စစ်မီးအားကို ဖြတ်တောက်ပေးမည်ဖြစ်ပါသည်။ မီးဖြတ်စက်မှ သတ်မှတ်ဗို့အားများတွင် လျှပ်စစ်မီးအားကို ဖြတ်တောက်ခြင်းသည် မိမိအသုံးပြုနေသော လျှပ်စစ်ပစ္စည်းများကို မီးအားနည်းခြင်း၊မီးအားများခြင်းကြောင့် ပျက်စီးခြင်းမရှိစေရန် ကာကွယ်ပေးခြင်းဖြစ်ပါသည်။ မီးဖြတ်စက်မှ မီးအားကိုဖြတ်တောက်ထား သောအခြေအနေတွင် (DLY, CUT နှင့် အဝင်မီးအားကို ကိန်းဂဏန်း) ဖြင့်ဖော်ပြ၍ ပုံမှန်အလုပ်လုပ်နေသော အခြေအနေတွင် အဝင်မီးအားကိုကိန်းဂဏန်းဖြင့် ဖော်ပြပေးမည်ဖြစ်ပါသည်။ မီးဖြတ်စက်မှ DLY ပြနေသောအချိန်သည် စက်ပုံမှန်အလုပ်လုပ်ရန်အတွက် ၄ မိနစ်စောင့်ဆိုင်ရမည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့ ၄ မိနစ်စောင့်ဆိုင်ရခြင်းသည် မီးခဏဏပျက်ခြင်း၊ မီးအားအနည်းအများ ခဏဏဖြစ်ခြင်းကြောင့် မိမိအသုံးပြုနေသော လျှပ်စစ်ပစ္စည်းကို ထိခိုက်ပျက်စီးခြင်းမဖြစ်စေရန် မီးဖြတ်စက်မှ ကာကွယ်ပေးခြင်းဖြစ်ပါသည်။
ဈေးနှုန်း MMK 35,000